
ကျွန်ုပ်တို့၏ အခြေခံပညာ အထက်တန်းကျောင်း (ဘဝပန်းတိုင်)မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ကျွန်ုပ်တို့၏ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများ ပါဝင်မည့်
နှစ်ပတ်လည် ကျောင်းသားအားကစားပွဲတော်ကို
အောက်ပါအတိုင်းကျင်းပမည်ဖြစ်ပါသည်။
ပညာသင်နှစ် -(၂၀၂၅/၂၀၂၆)
🗓️ကျင်းပမည့်ရက် – ၂၉ နိုဝင်ဘာ ၂၀၂၅ (စနေနေ့)
🕡ကျင်းပမည့်အချိန်- မနက် ၇:၀၀ နာရီ
🏟️ကျင်းပမည့်နေရာ- စခန်းအမှတ်(၅) ၊ဘောလုံးကွင်း
အခမ်းအနား အစီအစဉ်များ-
မနက်၇:၀၀ နာရီတွင် စတင်မည့် အခမ်းအနားတွင် –
✅နိုင်ငံတော်သီချင်း ရွတ်ဆိုခြင်း။
✅အားကစားသီချင်း ဆိုခြင်း။
✅အားကစား စည်းကမ်းချက်များ ရှင်းလင်းတင်ပြခြင်း။
✅ဆရာများမှ ဆုံးမစကား ပြောကြားခြင်း။
အခမ်းအနားအပြီးတွင် ဘောလုံးပြိုင်ပွဲဇယားအရ ပွဲစဉ်များ စတင်ကစားသွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်သစ် အားကစားသမားများကိုလာရောက်အားပေးမြှောက်စားကြပါရန် အလေးအနက်ဖိတ်ကြားအပ်ပါသည်။
